အသည်းနှလုံးမှ ယိုစီးလာသော
သွေးတို့နှင့်အတူ ငါ၏ချစ်ခြင်းအား
မင်း ယုံကြည်စေရန် သစ္စာဆိုချင်သည်
ချစ်ခြင်းရဲ့အတ္တတွေထဲ
ငါဟာနစ်မွန်းရင်း
နစ်မွန်းခြင်းရဲ့ အရသာကို
တပ်မက်ချင်နေသည်
ချစ်ခြင်းတွေကို အရင်းတည်ပြီး
ကျရှုံးခဲ့တဲ့ အရှုံးအပေါ်
ငါဟာ ပျော်ဝင်နေချင်သည်
ကြေကွဲခြင်းနဲ့ ၀မ်းနည်းမှု့အတွက်
စီးကျလာသော မျက်ရည်တွေနဲ့
ပူလောင်မှုတွင်
ငါ့ချစ်ခြင်းကို လောင်မြိုက်ချင်သည်။
No comments:
Post a Comment