"လူတိုင်းကို ချစ်နေရတာနဲ့အချိန်တွေကုန်နေလို့ ဘယ်သူ့ကိုမှ မုန်းဖို့ အချိန်မရှိပါဘူး"
Sunday, June 3, 2012
အမေ
ဇမ္ဗူတိုင်းမှာ အဖြေညှိပြရင်
အပူလှိုင်းဖြာ ဝေဒနိကတွေနဲ့
လူတိုင်းမှာ အမေရှိကြတယ်
မရေမရာ ပဟေဠိတွေကြောင့်
အသေအချာ မသိတောင်မှ
အမေရှိတယ်
ချစ်သဒ္ဒါဝေကဲ
ပြည့်တန်ဆာအမေလည်း အမေ
အကြွေးကြွယ်လှတဲ့
ဈေးသည်မအမေလည်း အမေ
အကြောင်းတရား အခြေမွဲ
သူတောင်းစားအမေလည်း အမေ
သားသမီးတွေ ကြီးပွားစေရော့လို့
စီးပွားမထွေထွေ
စိန်ရွှေပတ္တမြား အိပ်မြေကားနဲ့
ငွေသားအမွေ
ပေးနိုင်မှအမေမဟုတ်
ယိုင်နဲ့နဲ့တဲအတွင်း
လှဲခင်းအိပ် နေစရာ
အရိုးဟင်းတစ်ဖဲ့စီက
ထမင်းရည်ပူအတူသောက်
ဗိုက်မှောက်တော့အတူတူ
ခြင်ထောင်မရှိ ခြုံစောင်မရှိ
ခင်းအိပ်စရာ ဖျာမရှိလို့
ခြင်ကိုသွေးလှူ အတူတူ
ကြမ်းပိုးသွေးလှူ အတူတူ
အပူကိုမျှဝေ
ဒုက္ခကို ပိုမိုလေးနက်စေ
ပညာအမွေရွှေအိုး
ရိုးသားမှု့ ဂုဏ်သိက္ခာ
မေတ္တာအကြင်နာမှတစ်ပါး
အခြားပေးစရာ အထွေထွေမွဲသော်လည်း
အမေဟာ အမေပဲလေ
ရဲထွန်းဦး(မော်လမြိုင်)
Labels:
ဘာသာရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment