Thursday, May 31, 2012

အချစ်ဆိုတာ.....

အချစ်ဆိုတာ ဘာလဲ
ငါမသိတဲ့အရာ
ငါသိတာက နေ့တိုင်းသတိရတယ်
ညတိုင်းလွမ်းတယ်

အချစ်ဆိုတာ ဘာလဲ
ငါမသိတဲ့အရာ
ငါသိတာက နင်နဲ့ဖုန်းပြောနေရတဲ့
အချိန်တွေမှာ ရင်ခုန်တယ်
နင်နဲ့ ဖုန်းပြောနေရရင် ပျော်နေမိတယ်

အချစ်ဆိုတာ ဘာလဲ
ငါမသိတဲ့အရာ
ငါသိတာက နင်နဲ့ဖုန်းမပြောရရင် လွမ်းတယ်
နင်အဆက်အသွယ်မလုပ်ရင် တမ်းတမိတယ်

အချစ်ဆိုတာ ဘာလဲ
ငါမသိတဲ့အရာ
ငါသိတဲ့ သေချာတဲ့အရာ
ငါနင့်ကို ပြောမပြတတ်အောင် ချစ်တယ်.......

No comments:

Post a Comment