Thursday, May 31, 2012

သံသယဧ။်ပူလောင်ခြင်း

မယုံကြည်မှု့ရဲ့နောက်ကွယ်မှာ
သံသယဆိုတာရှိတယ်
ချစ်လေးဘက်ကအမြင်မှာ
ကို ဟာဘယ်လိုလူမျိုးလဲ
ငါနင့်ကိုမယုံကြည်ဘူးလို့
ပြောလာတဲ့ ချစ်လေးရဲ့အသံမှာ
ခါးသက်ခြင်းတွေစီးဝင်နေတယ်
အဲ့ဒီခါးသက်မှု့တွေကို
ကို ကြောက်တယ်....
ချစ်လေးသိလား
မုန်းတီးခြင်းထက် ပိုနာကျင်စေတာ
မယုံကြည်မှု့ပါ။
ကို့ကိုနားလည်ပေးပါချစ်လေးရယ်

အချစ်ဆိုတာ.....

အချစ်ဆိုတာ ဘာလဲ
ငါမသိတဲ့အရာ
ငါသိတာက နေ့တိုင်းသတိရတယ်
ညတိုင်းလွမ်းတယ်

အချစ်ဆိုတာ ဘာလဲ
ငါမသိတဲ့အရာ
ငါသိတာက နင်နဲ့ဖုန်းပြောနေရတဲ့
အချိန်တွေမှာ ရင်ခုန်တယ်
နင်နဲ့ ဖုန်းပြောနေရရင် ပျော်နေမိတယ်

အချစ်ဆိုတာ ဘာလဲ
ငါမသိတဲ့အရာ
ငါသိတာက နင်နဲ့ဖုန်းမပြောရရင် လွမ်းတယ်
နင်အဆက်အသွယ်မလုပ်ရင် တမ်းတမိတယ်

အချစ်ဆိုတာ ဘာလဲ
ငါမသိတဲ့အရာ
ငါသိတဲ့ သေချာတဲ့အရာ
ငါနင့်ကို ပြောမပြတတ်အောင် ချစ်တယ်.......

သူမနှင့်ပတ်သက်၍

ဒို့နှစ်ယောက်လေ
နီးလျက်နဲ့ဝေးနေ
အသက်မကလေ
မင်းကိုချစ်မိတော့
အပြစ်ရှိတယ်လို့
မင်းပဲဆို....။
အသစ်ဆို ပိုးငယ်မျှပင်
မလိုချင်တော့ပါဘူး
ကြားလေသွေးရင်တောင်
မဝေးချင်တော့တဲ့....ငါ
ဟော့ဒီကောင်ရင်ထဲမှာ
မေတ္တာတွေသာ ပွားလာ
မင်းကိုချစ်မိတဲ့.......ငါ။......။
မြင်ရဲ့လား ချစ်လေးရေ
မင်းနားက အရိပ်တစ်ခု
မင်းလက်ခံ မယူရဲတဲ့ သစ်ခြောက်တစ်ပင်
မင်းရဲ့ အချစ်ရေစင်နဲ့
ဖျန်းပက်ပါမှ
ရှင်သန်တော့မယ့်......ငါ။.......။

Photo(lover)